Ambassador, H.E. U Soe Lynn Han participated the ASEAN Bike Ride Event and ASEAN Family Day Event, in honour of celebration of the 45th Anniversary of the ASEAN-EU Relations

H.E. U Soe Lynn Han, Myanmar Ambassador to Belgium and the European Union and Spouse, Staffs from the Myanmar Embassy and their family members participated in the ASEAN Bike Ride Event and ASEAN Family Day Event under the auspices of Malaysia and Indonesia Embassies in Brussels which were held on 1-10-2022 in honour of celebration of the 45th Anniversary of the ASEAN-EU Relations.

At first, the ASEAN Bike Ride Event was commenced at 1030 hrs: at the Malaysia Embassy in Brussels and invited guests of the Event had ridden the bicycles from Malaysia Embassy to Indonesian Cultural Centre.

Subsequently, ASEAN Family Day Event was celebrated at 1130 hrs: at the Indonesian Cultural Centre. Cambodian Ambassador, H.E. Mr. Nong Sakal, current Chairman of ASEAN-Brussels Committee (ABC) and H.E. Mr. Gunner Wiegand, Managing Director of the Aisa and the Pacific, European External Action Services (EEAS) delivered remarks at the ASEAN Family Day Event. The cultural performance by each embassy of the ASEAN countries were conducted and traditional foods were served in the ASEAN Family Day event.

Responsible officials from the European Council, European Commission, European Parliament, European External Action Services and Belgium Federal Public Service of Foreign Affairs, Ambassadors and Spouses from ASEAN Embassies and other countries in Brussels and invited guests were participated in the ASEAN events.

(၄၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဆက်ဆံရေး အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံစက်ဘီးစီးပွဲအခမ်းအနားနှင့် အာဆီယံမိသားစုနေ့ အခမ်းအနားများသို့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်
(၁-၁၀-၂၀၂၂ ရက်၊ ဘရပ်ဆဲလ်)
(၄၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဆက်ဆံရေးအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဘရပ်ဆဲလ်မြို့၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားသံရုံးများကကြီးမှူး၍ အာဆီယံစက်ဘီးစီးပွဲ (Bike Ride) နှင့် အာဆီယံမိသားစုနေ့ (ASEAN Family Day) အခမ်းအနားများကို ၁-၁၀-၂၀၂၂ ရက်တွင် ယင်းနိုင်ငံများ၏ သံရုံးများ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးလင်းဟန်နှင့်ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ အာဆီယံစက်ဘီးစီး အခမ်းအနားကို မလေးရှားသံရုံး၌ နံနက် ၁၀၃၀ နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များက မလေးရှားသံရုံးမှ အင်ဒိုနီးရှားယဉ်ကျေးမှုစင်တာထိ စက်ဘီးစီးနင်းခဲ့ကြပါသည်။
ထို့နောက် ၁၁၃၀ နာရီအချိန်တွင် အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ အာဆီယံမိသားစုနေ့အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အာဆီယံဘရပ်ဆဲလ်ကော်မတီ (ABC) အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Nong Sakal နှင့် ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (EEAS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး H.E. Mr. Gunnar Wiegand တို့က အဖွင့်အမှာစကား အသီးအသီး ပြောကြားခဲ့ကြပါသည်။ အာဆီယံမိသားစုနေ့ အခမ်းအနားတွင် ဘရပ်ဆဲလ်မြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှုအဆို၊ အကများ (Cultural Performances)နှင့် ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။
အခမ်းအနားများသို့ ဥရောပကောင်စီ၊ ဥရောပကော်မရှင်၊ ဥရောပပါလီမန်၊ ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (EEAS) နှင့် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊သက်ဆိုင်ရာ အရာရှိများ၊ ဘရပ်ဆဲလ်မြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ အခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။