ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံသံအမတ်ကြီးများနှင့် အီးယူပါလီမန် အဖွဲ့ဝင်များနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံပွဲများသို့ တက်ရောက် (၁၅-၃-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

(Unicode)ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အာဆီယံ သံအမတ်ကြီးများသည် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စ ဟိုင်ဒီဟူတာလား နှင့် ၁၅-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်း၌ ဥရောပပါလီမန်ဌာနချုပ် အခြေစိုက်တည်ရှိရာ ပြင်သစ်နိုင်ငံ၊ Strasbourg မြို့ရှိ ပါလီမန်၏ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက်ခဲ့ပါသည်။

ထို့အပြင် အာဆီယံသံအမတ်ကြီးများက ဥရောပပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ (Committee on Foreign Affairs-AFET) ဥက္ကဋ္ဌ မစ္စတာ ဒေးဗစ်မက်ကလက်စတာ နှင့် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (Delegation for relations with the countries of Southeast Asia and the Association of Southeast Asia Nations-DASE)၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် မစ္စ မာရီယန်ဗင်နှင့် မစ္စတာ သောမတ်စ် ပေါ်ရီဘာတို့နှင့် လည်းကောင်း၊ ဥရောပ ပါလီမန် အတွင်းရေးမှူးချုပ် မစ္စတာ အက်လက် စန်ဒရို ချီအိုချီတီ တို့နှင့်လည်း မွန်းလွဲပိုင်း၌ အီးယူပါလီမန်ဌာနချုပ်၌ သီးခြား ဆက်လက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံမှုများ၌ အာဆီယံ-အီးယူ မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ဥရောပပါလီမန် နှင့် အာဆီယံပါလီမန်တို့အကြား ဆက်ဆံရေး မြှင့်တင်နိုင်ရေး၊ ကုန်သွယ်မှုနှင့် စဉ်ဆက်မပြတ် တည်တံ့ရေးဆိုင်ရာ အီးယူမူဝါဒ၊ AFET မှ ဥက္ကဋ္ဌ ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အာရှခရီးစဉ်အတွင်း အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံပါလီမန်အတွင်းရေးမှူးချုပ်နှင့် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ (CPR) ၏ သံအမတ်ကြီးများ၊ သက်ဆိုင်ရာနိုင်ငံများမှ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့မှု အခြေအနေများ၊ အင်ဒို-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ စသည်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံ-အီးယူ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Strategic Partnership) မျှော်မှန်းချက်အား လက်တွေ့အကောင်အထည်ဖော်နိုင်စေလိုသည့် ဆန္ဒရှိပါကြောင်း၊ အာဆီယံ နှင့် အီးယူအကြား သဘောတူထားပြီးဖြစ်သည့် ASEAN-EU Plan of Action (2023-2027) ရှိ တစ်နိုင်တစ်ပိုင် လယ်သမားများ၊ palm oil စိုက်ပျိုးရေးသမားများအတွက် အကျိုးရှိစေမည့် စီမံချက်များကို ဉီးစားပေးရွေးထုတ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ပါက Strategic Partnership ဆိုသည့် မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်လာနိုင်ဖွယ်ရှိပါကြောင်း၊ ထို့အပြင် အီးယူ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကုန်သွယ်ရေး မူဝါဒများချမှတ်ရာတွင် deforestation ရှုထောင့်မှသာမက ကုလသမဂ္ဂ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုင်ရာ SDG Goals ၏ ရှုထောင့်ကိုပါ ထည့်သွင်းစဉ်းစားခြင်းဖြင့် အာဆီယံနှင့် အီးယူအကြား bloc to bloc လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (Free Trade Agreement- FTA) စာချုပ်ချုပ်ဆိုရန် ရည်ရွယ်၍ အလေးအနက် စတင်ဆွေးနွေးနိုင်ရန် အတားအဆီး အနှောင့်အယှက်များ လျော့ကျသွားမည်ဟု ယူဆပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(Zawgyi)ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံသံအမတ်ကြီးများနှင့် အီးယူပါလီမန် အဖွဲ့ဝင်များနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံပွဲများသို့ တက်ရောက်

(၁၅-၃-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အာဆီယံ သံအမတ်ကြီးများသည် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စ ဟိုင်ဒီဟူတာလား နှင့် ၁၅-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်း၌ ဥရောပပါလီမန်ဌာနချုပ် အခြေစိုက်တည်ရှိရာ ပြင်သစ်နိုင်ငံ၊ Strasbourg မြို့ရှိ ပါလီမန်၏ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက်ခဲ့ပါသည်။