မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း တတိယအကြိမ် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၂၀-၁၂-၂၀၂၃ ရက်တွင် မြန်မာသံရုံး၌ ဦးဆောင်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆) လတာကာလအတွင်း အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ လှုပ်ရှားမှုများဖြစ်သည့် ဥရောပပါလီမန် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE)၊ ဥရောပသမဂ္ဂပြင်ပဆက်ဆံရေးဌာနနှင့် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံတို့မှ တာဝန်ရှိသူများ၊ EU-ASEAN Business Council…
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၈-၁၂-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ Tangla Hotel ၌ အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ABC) အဖွဲ့ဝင် အာဆီယံသံရုံးများမှ စုပေါင်းကျင်းပခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံမှ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ထိုင်းနိုင်ငံ သံအမတ်ကြီးကို နှုတ်ဆက်ခြင်းနှင့် အသစ်ရောက်ရှိလာသည့် မလေးရှားနိုင်ငံသံအမတ်ကြီးကို ကြိုဆို သည့် ABC Farewell and Welcoming Lunch နေ့လယ်စာစားပွဲတွင် ABC ၏ ဥက္ကဋ္ဌအနေဖြင့် နှုတ်ဆက် ကြိုဆိုအမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါနေ့လယ်စာစားပွဲတွင်…
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၁၅-၁၁-၂၀၂၃ ရက်တွင် နယ်သာလန်နိုင်ငံ၊ မက်စထရစ်မြို့ (Maastricht) ရှိ UNU-MERIT (The United Nations University – Maastricht Economic and Social Research Institute on Innovation and Technology) တက္ကသိုလ်၌ နယ်သာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးနှင့် UNU-MERIT တက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ကျင်းပသော ASEAN Ambassadors’ Talk စကားဝိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်၍ ဆွေးနွေးမှုပြုခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို နယ်သာလန်နိုင်ငံ…
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ အီးယူကော်မရှင်ရုံး၌ ၃-၁၀-၂၀၂၃ ရက်၊ (၀၈ :၀၀) နာရီမှ (၁၈ :၃၀) နာရီအထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အာဆီယံ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒရေးရာ ဆွေးနွေးပွဲသို့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Inter- governmental Commission on Human Rights – AICHR) ၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ Ms.…
ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများ၏ ၂၀၂၃ ခုနှစ်အတွက် အာဆီယံမိသားစုနေ့ (ASEAN FAMILY DAY) အခမ်းအနားကို အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ABC) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဦးဆောင်၍ ၇-၁၀-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးဝန်ထမ်းနှင့် မိသားစုဝင်များ၊ ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာနမှ ခေတ္တဦးဆောင် ညွှန်ကြားရေးမှူး မစ္စ ပေါင်လာ ပမ်ပလိုနီ နှင့် အရှေ့တောင်အာရှနှင့်…
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဒုတိယအကြိမ် အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၁၀-၁၀-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ဦးဆောင်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အာဆီယံ-အီးယူ နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပသွားရန် ဥရောပသမဂ္ဂပြင်ပဆက်ဆံရေးဌာနမှ အဆိုပြု လာခြင်းနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံများအကြား သဘောတူညီချက် ရယူနိုင်ရေး၊ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီနှင့် ဘရပ်ဆဲလ်အခြေစိုက် အစိုးရမဟုတ်သော အာဆီယံ-အီးယူ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်းများအကြား…
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် ၁၃-၉-၂၀၂၃ ရက်တွင် ပြင်သစ်နိုင်ငံ၊ စထရာဘုဂ်မြို့ရှိ ဥရောပပါလီမန်ဌာနချုပ်၌ ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (Delegation for Relations with the Countries of Southeast Asia and the Association of Southeast Asia Nations-DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပသမဂ္ဂဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC)…