Month: March 2023

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး “ASEAN-IOM Ambassadors’ Conference” ဆွေးနွေးပွဲသို့ တက်ရောက် (၂၇-၃-၂၀၂၃ ရက်၊ သည်ဟိတ်ဂ်)

နယ်သာလန်နိုင်ငံ ASEAN Committee in the Hague (ACTH) ၏ အလှည့်ကျဥက္ကဋ္ဌ မလေးရှားသံအမတ်ကြီး၏ ဖိတ်ကြားချက်အရ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၇-၃-၂၀၂၃ ရက်တွင် သည်ဟိတ်ဂ်မြို့ရှိ မလေးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် နယ်သာလန်နိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်လာသူများအရေးနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အဖွဲ့အစည်း (International Migration Organization- IOM) ၏ ဆောင်ရွက်မှုများကို အာဆီယံသံအမတ်ကြီးများကို ရှင်းလင်းတင်ပြသည့် “ASEAN-IOM Ambassadors’ Conference” ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။  

ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး European Institute for Asia Studies ၌ ကျင်းပခဲ့သော “အာဆီယံ-အီးယူ ဆက်ဆံရေး (၄၅) နှစ်ပြည့်- အရှိန်အဟုန်သစ်ဆီသို့ ဦးတည်ရေးဆိုင်ရာ ဆွေးနွေးပွဲ” သို့ တက်ရောက် (၂၁-၃-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

  အာဆီယံ-အီးယူ မဟာဗျူဟာမြောက် ဆက်ဆံရေး (၄၅) နှစ်ပြည့်မှ အရှိန်အဟုန်သစ်ဆီသို့ ဦးတည်ရေးဆိုင်ရာ ဆွေးနွေးပွဲ (ASEAN-EU Relations at 45: A New Momentum) ကို ၂၁-၃-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ European Institute for Asia Studies (EIAS) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အာဆီယံ သံအမတ်ကြီးများ၊ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ၊ ဥရောပကောင်စီ၊ ဥရောပသမဂ္ဂ

နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၂၂-၃-၂၀၂၃ ရက်)

Public Health Requirements for Travelers entering Myanmar through International Commercial Flights (22-3-2023)

ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံသံအမတ်ကြီးများနှင့် အီးယူပါလီမန် အဖွဲ့ဝင်များနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံပွဲများသို့ တက်ရောက် (၁၅-၃-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

(Unicode)ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အာဆီယံ သံအမတ်ကြီးများသည် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စ ဟိုင်ဒီဟူတာလား နှင့် ၁၅-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်း၌ ဥရောပပါလီမန်ဌာနချုပ် အခြေစိုက်တည်ရှိရာ ပြင်သစ်နိုင်ငံ၊ Strasbourg မြို့ရှိ ပါလီမန်၏ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက်ခဲ့ပါသည်။ ထို့အပြင် အာဆီယံသံအမတ်ကြီးများက ဥရောပပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ (Committee on Foreign Affairs-AFET) ဥက္ကဋ္ဌ မစ္စတာ ဒေးဗစ်မက်ကလက်စတာ နှင့် ဥရောပပါလီမန်၊

Top