မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာခင်သီတာအေး သည် ၂၆-၆-၂၀၂၅ ရက်တွင် ဘယ်လ်ဂျီယံ နိုင်ငံခြားရေး၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲ Ambassador Pierre Cartuyvels ကို သံတမန်ရေးရာဦးစီးဌာန တည်ရှိရာ ဘရပ်ဆဲလ်မြို့၊ Egmont Palace ၌ သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါ သည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင် ဘယ်လ်ဂျီယံနိုင်ငံ အပါအဝင် အခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်သွားနိုင်မည့် အလားအလာများနှင့် သံတမန်ရေးရာဦးစီးဌာနက ဘယ်လ်ဂျီယံအခြေစိုက် သံရုံး၊ အဖွဲ့ရုံးများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် သံတမန်ဆိုင်ရာ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များအား ဆွေးနွေးမှုပြုခဲ့ကြကြောင်း သိရှိရပါသည်။
************
Chargé d’Affaires a.i./ Ambassador of Myanmar in Brussels Paid a Courtesy Call on the Head of Protocol of the Federal Public Service of Foreign Affairs, Foreign Trade and Development Cooperation of Belgium
(26-6-2025, Brussels)
Dr. Khin Thidar Aye, Chargé d’Affaires a.i./ Ambassador of the Embassy of Myanmar in Brussels, paid a courtesy call on Ambassador Pierre Cartuyvels, Head of Protocol of the Federal Public Service of Foreign Affairs, Foreign Trade and Development Cooperation of Belgium at the Egmont Palace where the Protocol Directorate is located, in Brussels on 26 June 2025.
During the meeting, the two sides exchanged views on the potentials to enhance the economic, trade, and cultural relations between Myanmar and Belgium, as well as other member states of the EU. They also discussed the diplomatic privileges and immunities facilitated by the Protocol Directorate for embassies and diplomatic missions based in Belgium.
See insights and ads
Boost post
Like
Comment
Send
Share