အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် (၂၉-၆-၂၀၂၅ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာ ခင်သီတာအေး သည် ၂၆-၆-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဖိလစ်ပိုင်သံရုံး၌ ဖိလစ်ပိုင်သံရုံးမှ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ ပဉ္စမအကြိမ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံသံအမတ်ကြီးများသည် ဥရောပသမဂ္ဂနှင့် အာဆီယံ အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကြောင့် အီးယူ အပါအဝင် ဒေသတွင်းမိတ်ဖက်များနှင့် ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုများအား ဆွေးနွေး ပြောကြား ခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ အီးယူအသိုက်အဝန်းအတွင်း၌ အာဆီယံ၏ အချက်အချာကျမှုကို ပိုမိုလေးနက်ထင်ရှားလာစေရေးနှင့် ဒေသနှစ်ခုအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ABC အနေဖြင့် လှုပ်ရှားဆောင်ရွက်သွားမည့် ကိစ္စရပ် များတွင် မြန်မာသံရုံးအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
******************
Chargé d’Affaires a.i./ Ambassador of Myanmar in Brussels Attends the Fifth ASEAN-Brussels Committee (ABC) Meeting
(29-6-2025, Brussels)
On 26 June 2025, Dr. Khin Thidar Aye, Chargé d’Affaires a.i./ Ambassador of the Embassy of Myanmar in Brussels, attended the fifth meeting of the ASEAN-Brussels Committee (ABC) at the Embassy of Philippines in Brussels, which served as the rotating chair of the committee.
At the meeting, ABC Ambassadors discussed recent developments and future initiatives under the strategic partnership between the European Union and ASEAN. They also exchanged views on the impact of current global geopolitical developments on trade relations with the EU and other regional partners.
In her remarks, the Chargé d’Affaires a.i./ Ambassador of Myanmar stated that the Embassy of Myanmar would actively participate in the efforts by ABC to enhance the visibility of ASEAN Centrality within the EU circle and to boost trade and investment between the two regions.