ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် (၅၈) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဆောင်သည့် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲ

(၉-၈-၂၀၂၅ ရက်၊ ဘရပ်ဆဲလ်)
ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများ၏ (၅၈) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားကို ၉-၈-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာခင်သီတာအေး ဦးဆောင်သည့် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အာဆီယံသံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံရုံးဝန်ထမ်း များနှင့် မိသားစုဝင်များအပြင် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂ ပြင်ပဆက်ဆံရေးဌာနမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာသံရုံးအနေနှင့် မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ ဆနွင်းမကင်းတို့နှင့် တည်ခင်းဧည့်ခံခဲ့ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု လက်မှုလက်ရာများကို ခင်းကျင်းပြသခဲ့ပါသည်။
ထို့အပြင် မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများက မြန်မာတိုင်းရင်းသားရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ “Come to Myanmar-The Golden Land” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အာဆီယံမိသားစုဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုသာမက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ အာဆီယံတွင် အစဉ်လက်တွဲ ပူးပေါင်းပါဝင်လျက်ရှိကြောင်း သတင်းစကားပါးခဲ့ကြောင်း သိရှိရပါသည်။
Members of the Embassy of Myanmar and their Families in Brussels Participates in the 58th ASEAN Day Celebration in Brussels
(9-8-2025, Brussels)
The ASEAN Family Day to celebrate the 58th anniversary of ASEAN Day jointly organized by the ASEAN Embassies based in Brussels, was held on 9 August 2025 at the Indonesian Cultural Center in Brussels. Dr. Khin Thidar Aye, Chargé d’Affaires/ Ambassador, led the members of the Embassy of Myanmar and their families participating in the event.
The celebration was joined by Ambassadors, staff and families from various ASEAN missions, as well as officials from the Belgian Ministry of Foreign Affairs, the European External Action Services, and other invited guests.
During the event, the Embassy of Myanmar in Brussels welcomed guests with traditional dishes; mohinga and Banana Samolina Cake, and exhibited Myanmar traditional arts and crafts.
In addition, the staff of the Embassy performed a song namely “Come to Myanmar – The Golden Land” while showcasing national ethnic costumes. Along with the performance, a message was conveyed that as a member of the ASEAN family, Myanmar continue its efforts for peace and prosperity while contributing to the peace and progress of the region and beyond.