၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁  ရက်

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့) တွင် စတင်ကျင်းပ ပြုလုပ်မည်ဖြစ်ပါကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။      သို့ဖြစ်ပါ၍ ဘယ်လ်ဂျီယံနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ လူဇင်ဘတ်နိုင်ငံနှင့် ခရိုအေးရှားနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော သက်ဆိုင်ရာ မဲစာရင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲပေးခွင့်တောင်းခံလွှာ (ပုံစံ-၁၅) ကို အောက်ဖော်ပြပါ Website စာမျက်နှာများတွင်  ၂၁-၈-၂၀၂၅ ရက်မှစတင်၍ ရယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

(က)    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-        www.uec.gov.mm

(ခ)     နိုင်ငံခြားရေးဝန်ကြီးဌာန                –        www.mofa.gov.mm

(ဂ)     မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့             –        www.embassyofmyanmar.be

၃။      ပြည်ပရောက်မြန်မာနိုင်ငံသားမဲဆန္ဒရှင်များအနေဖြင့် အဆိုပါ ပုံစံ(၁၅)အား အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် (မိတ္တူ) နိုင်ငံသားစိစစ်ရေးကတ်/မှတ်ပုံတင်အမှတ် (မိတ္တူ) ၊ အိမ်ထောင်စုစာရင်း (မိတ္တူ)တို့နှင့် အတူ မြန်မာသံရုံးသို့ ကိုယ်တိုင်သော်လည်း ကောင်း၊ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း၊ မြန်မာ သံရုံး၏ အီးမေးလ် visa@embassyofmyanmar.be သို့လည်းကောင်း ၈-၉-၂၀၂၅ ရက် (တနင်္လာနေ့) နောက်ဆုံးထား၍ ပေးပို့ပေးနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ အိမ်ထောင်စုစာရင်း လက်ဝယ်မရှိ၍ ပူးတွဲ မပေးပို့နိုင်ပါက ဖြည့်စွက်ပေးပို့ထားသည့် ပုံစံ-၁၅ ပါ အချက်အလက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လိုအပ်သကဲ့သို့ စိစစ်မှုများ ဆောင်ရွက်ပြီး စိစစ်ခွင့်ပြုသည့် အတိုင်းသာ ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဖြစ် ကြောင်း အသိပေးဖော်ပြအပ်ပါသည်။

 ၄။      ကြိုတင်ဆန္ဒမဲပေးနိုင်ရန် တောင်းခံသူမဲဆန္ဒရှင်များအနေဖြင့် ကြိုတင်မဲပေးခွင့်ရရှိရန် ပုံစံ-၁၅ ပါ အချက်အလက်များကို ပြည့်စုံသေချာစွာ ဖြည့်စွက်ရန်၊ ပြည်ပနေရပ်လိပ်စာအား မြို့/နိုင်ငံအမည် များအပါအဝင် အင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်၊ ပြည်တွင်း နေရပ်လိပ်စာကို မိမိ၏ အိမ်ထောင်စုစာရင်းတည်ရှိရာ လိပ်စာအတိုင်း ဖော်ပြရန်၊ ဖြည့်စွက်ပြီးပုံစံများ ကို အီးမေးလ်ဖြင့် ပြန်လည်ပေးပို့ပါကလည်း ဖတ်ရှု၍ ရရှိနိုင်သည့် အနေအထားဖြင့် ပေးပို့ရန် ဖြစ်ပါ ကြောင်းနှင့် အသေးစိတ်စုံစမ်းသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ သံရုံး၏ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

အီးမေးလ်လိပ်စာ-      visa@embassyofmyanmar.be

ဖုန်းနံပတ်များ     –      + ၃၂၂၇၀၁၉ ၃၈၁၊ + ၃၂၂၇၀၁၉ ၃၈၉၊

+ ၃၂၂၇၀၁၉ ၃၈၅၊ + ၃၂၂၇၀၁၉ ၃၈၃။

လိပ်စာအပြည့်အစုံ-    No.9, Boulevard General Wahis, 1030 Schaerbeek,                                                                                Brussels, Belgium