ရက်စွဲ၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်
၁။ ဘယ်လ်ဂျီယံနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ လူဇင်ဘတ်နိုင်ငံနှင့် ခရိုအေးရှားနိုင်ငံတို့တွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မဲပေးပိုင်ခွင့်ရှိသည့် မြန်မာနိုင်ငံသားများ ကျန်ရှိမှုမရှိစေရေး အတွက် ကြိုတင်မဲပေးခွင့်တောင်းခံလွှာ(ပုံစံ-၁၅)ကို ပေးပို့လိုပါက ၇-၁၀-၂၀၂၅ ရက် (တနင်္ဂနွေနေ့) အထိ ရက်တိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၂။ အဆိုပါ ပုံစံ-၁၅ များကို အောက်ဖော်ပြပါ Website စာမျက်နှာများတွင် ရယူနိုင်ပါကြောင်း နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် (မိတ္တူ) ၊ နိုင်ငံသားစိစစ်ရေးကတ်/ မှတ်ပုံတင်အမှတ် (မိတ္တူ) ၊ အိမ်ထောင်စုစာရင်း (မိတ္တူ)တို့နှင့်အတူ မြန်မာ သံရုံးသို့ ကိုယ်တိုင်သော်လည်းကောင်း၊ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း၊ စာတိုက်မှသော် လည်း ကောင်း၊ မြန်မာသံရုံး၏ အီးမေးလ် visa@embassyofmyanmar.be သို့လည်းကောင်း ပေးပို့ပေးနိုင်ပါ ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
(က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်- www.uec.gov.mm
(ခ) နိုင်ငံခြားရေးဝန်ကြီးဌာန – www.mofa.gov.mm
(ဂ) မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့ -www.embassyofmyanmar.be
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့
အီးမေးလ်လိပ်စာ-visa@embassyofmyanmar.be
