မြန်မာသံရုံး၊ဘရပ်ဆဲလ်မြို့ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ပူးတွဲတာဝန်ယူဆောင်ရွက်သည့် နယ်သာလန်နိုင်ငံ၊ လူဇင်ဘတ်နိုင်ငံနှင့် ခရိုအေးရှားနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ နေကြသော သက်ဆိုင်ရာမဲစာရင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံသားမဲဆန္ဒရှင်များအနေဖြင့် မဲပေးခွင့် မဆုံးရှုံးစေရန် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေး နိုင်ရန် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့တွင် ၃-၁၂-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့)နှင့် ၄-၁၂-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ နံနက် ၀၉၃၀ နာရီမှ ညနေ ၁၆၃၀ နာရီအထိ မဲရုံဖွင့်လှစ်၍ ကျင်းပပြုလုပ်ခဲ့ပါ သည်။
*********************
Advanced Voting for the 2025 Multiparty Democratic General Election Conducted in Brussels
Advanced voting for the 2025 Multiparty Democratic General Election of the Republic of the Union of Myanmar was held on 3 December 2025 (Wednesday) and 4 December 2025, from 0930 to 1630 hours, at the Embassy of the Republic of the Union of Myanmar in Brussels. 
