မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာ ခင်သီတာအေး သည် ၂၆-၆-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဖိလစ်ပိုင်သံရုံး၌ ဖိလစ်ပိုင်သံရုံးမှ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ ပဉ္စမအကြိမ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံသံအမတ်ကြီးများသည် ဥရောပသမဂ္ဂနှင့် အာဆီယံ အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကြောင့် အီးယူ အပါအဝင် ဒေသတွင်းမိတ်ဖက်များနှင့် ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုများအား ဆွေးနွေး ပြောကြား…
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာခင်သီတာအေး သည် ၂၆-၆-၂၀၂၅ ရက်တွင် ဘယ်လ်ဂျီယံ နိုင်ငံခြားရေး၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲ Ambassador Pierre Cartuyvels ကို သံတမန်ရေးရာဦးစီးဌာန တည်ရှိရာ ဘရပ်ဆဲလ်မြို့၊ Egmont Palace ၌ သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါ သည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင် ဘယ်လ်ဂျီယံနိုင်ငံ အပါအဝင် အခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်သွားနိုင်မည့်…
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် https://2020election.uec.gov.mm Website တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ရန်အတွက် ဘာသာစကား ၅မျိုးဖြင့် လွှင့်တင်ထားရှိပြီးဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။