Author: admin

Vacancy Announcement for Driver Position

ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက် (၃-၁၀-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ အီးယူကော်မရှင်ရုံး၌ ၃-၁၀-၂၀၂၃ ရက်၊ (၀၈ :၀၀) နာရီမှ (၁၈ :၃၀) နာရီအထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အာဆီယံ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒရေးရာ ဆွေးနွေးပွဲသို့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Inter- governmental Commission on Human Rights – AICHR) ၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ Ms.

၂၀၂၃ ခုနှစ်၊ အာဆီယံမိသားစုနေ့အခမ်းအနားကို အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဦးဆောင်ကျင်းပ (၇-၁၀-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများ၏ ၂၀၂၃ ခုနှစ်အတွက် အာဆီယံမိသားစုနေ့ (ASEAN FAMILY DAY) အခမ်းအနားကို အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ABC) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဦးဆောင်၍ ၇-၁၀-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးဝန်ထမ်းနှင့် မိသားစုဝင်များ၊ ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာနမှ ခေတ္တဦးဆောင် ညွှန်ကြားရေးမှူး မစ္စ ပေါင်လာ ပမ်ပလိုနီ နှင့် အရှေ့တောင်အာရှနှင့်

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ခြင်းနှင့် ယင်းနှင့်တစ်ဆက်တည်း ဥရောပသမဂ္ဂနှင့် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများကို အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ (၁၀-၁၀-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဒုတိယအကြိမ် အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၁၀-၁၀-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ဦးဆောင်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အာဆီယံ-အီးယူ နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပသွားရန် ဥရောပသမဂ္ဂပြင်ပဆက်ဆံရေးဌာနမှ အဆိုပြု လာခြင်းနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံများအကြား သဘောတူညီချက် ရယူနိုင်ရေး၊ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီနှင့် ဘရပ်ဆဲလ်အခြေစိုက် အစိုးရမဟုတ်သော အာဆီယံ-အီးယူ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်းများအကြား

ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) နှင့် ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပသမဂ္ဂဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီး ဦးဆောင်တက်ရောက် (၁၃-၉-၂၀၂၃ ရက်၊ စထရာဘုဂ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် ၁၃-၉-၂၀၂၃ ရက်တွင် ပြင်သစ်နိုင်ငံ၊ စထရာဘုဂ်မြို့ရှိ ဥရောပပါလီမန်ဌာနချုပ်၌ ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (Delegation for Relations with the Countries of Southeast Asia and the Association of Southeast Asia Nations-DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပသမဂ္ဂဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC)

နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်နယ်စပ် ဝင်/ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၉-၂၀၂၃) PUBLIC HEALTH REQUIREMENTS FOR TRAVELERS ENTERING MYANMAR THROUGH INTERNATIONAL AIRPORTS AND SEAPORTS, AND CROSS BORDER POEs (1-9-2023)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပ (၂၀-၇-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ပထမအကြိမ် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၂၀-၇-၂၀၂၃ ရက်တွင် ဦးဆောင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အင်ဒိုနီးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၆-၆-၂၀၂၃ ရက်၊ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ဥရောပသမဂ္ဂ ကောင်စီဥက္ကဋ္ဌ Charles Michel ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲ Mr. Simon Mordue နှင့် အာဆီယံသံအမတ်ကြီးများ

အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား၌ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်အမှာစကားပြောကြား (၂၀-၇-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

ဘရပ်ဆဲမြို့၊ ဥရောပသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအဖွဲ့ရုံးတွင် ၂၀-၇-၂၀၂၃ က ကျင်းပသည့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၅) နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား၌ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် မှ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများအားလုံး ကိုယ်စား တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ မြန်မာသံအမတ်ကြီးက အင်ဒို-ပစိဖိတ်ဒေသ အရေးကိစ္စများ၌ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် အာဆီယံဒေသနှင့် ထိစပ်ပတ်သက်နေသော နိုင်ငံများ အားလုံးပါဝင်သည့် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုတစ်ရပ် ပေါ်ပေါက်လာရေးတွင် အာဆီယံ၏ အခန်းကဏ္ဍကို ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှု၊

နိုင်ငံတကာလေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၇-၂၀၂၃)

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးမှ လွှဲပြောင်းလက်ခံ (၂၆-၆-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် ၂၆-၆-၂၀၂၃ ရက်တွင် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) ၏ သံအမတ်ကြီးများ အစည်းအဝေး “ABC Ambassadors’ Meeting” သို့ တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr. Andri Hadi ထံမှ လွှဲပြောင်းလက်ခံမှုပြုခဲ့ပါသည်။ အစည်းအဝေးတွင် အင်ဒိုနီးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၃ ခုနှစ်၊

Top