(၉-၈-၂၀၂၅ ရက်၊ ဘရပ်ဆဲလ်) ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများ၏ (၅၈) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားကို ၉-၈-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာခင်သီတာအေး ဦးဆောင်သည့် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် အာဆီယံသံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံရုံးဝန်ထမ်း များနှင့် မိသားစုဝင်များအပြင် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂ ပြင်ပဆက်ဆံရေးဌာနမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာသံရုံးအနေနှင့် မြန်မာ့ရိုးရာ…
