ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ သုတေသနနှင့် လေ့ကျင့်ရေးအဖွဲ့အစည်းဖြစ်သည့် Egmont Institute ၏ ညွှန်ကြားရေးမှူးချုပ် Mr. Pol De Witte ၏ ဖိတ်ကြားချက်အရ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် ၅-၆-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ Egmont Institute ၌ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဘယ်လ်ဂျီယံအခြေစိုက် အာဆီယံသံတမန်များအတွက် စီစဉ်ကျင်းပသော “Exchange of Expertise Programme for Brussels-based ASEAN Diplomats”…
