ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများမြင့်တက်စေသော အမေရိကန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စနန်စီပလိုစီ၏ ထိုင်ဝမ် (တရုတ်-တိုင်ပေ) သို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့်လုပ်ရပ်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော အားထုတ်မှုများကို ဆန့်ကျင်ပါသည်။ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်း တို့မှတစ်ဆင့် တင်းမာမှုများ လျော့နည်းစေရေး ဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးသို့ တောင်းဆိုအပ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်…
Recent Comments