ကမ္ဘာ့အကောက်ခွန်အဖွဲ့ချုပ် (World Customs Organization- WCO) ၏ ၁၄၁/၁၄၂ ကြိမ်မြောက် ကောင်စီအစည်းအဝေးကို ဘရပ်ဆဲလ်မြို့ရှိ ကမ္ဘာ့အကောက်ခွန်အဖွဲ့ဌာနချုပ်၌ ၂၂-၆-၂၀၂၃ ရက်မှ ၂၄-၆-၂၀၂၃ ရက်အထိ ကျင်းပခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ဦးဆောင်၍ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက Hybrid စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် Capacity Building ကိစ္စ၊Green Customs ကိစ္စ၊ Modernization Plan ကိစ္စ၊ Fragile Borders…