ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့) တွင် စတင်ကျင်းပ ပြုလုပ်မည်ဖြစ်ပါကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ ဘယ်လ်ဂျီယံနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ လူဇင်ဘတ်နိုင်ငံနှင့် ခရိုအေးရှားနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော သက်ဆိုင်ရာ မဲစာရင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲပေးခွင့်တောင်းခံလွှာ (ပုံစံ-၁၅)…
