Month: July 2023

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပ (၂၀-၇-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ပထမအကြိမ် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၂၀-၇-၂၀၂၃ ရက်တွင် ဦးဆောင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အင်ဒိုနီးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၆-၆-၂၀၂၃ ရက်၊ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ဥရောပသမဂ္ဂ ကောင်စီဥက္ကဋ္ဌ Charles Michel ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲ Mr. Simon Mordue နှင့် အာဆီယံသံအမတ်ကြီးများ

အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား၌ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်အမှာစကားပြောကြား (၂၀-၇-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

ဘရပ်ဆဲမြို့၊ ဥရောပသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအဖွဲ့ရုံးတွင် ၂၀-၇-၂၀၂၃ က ကျင်းပသည့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၅) နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား၌ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် မှ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများအားလုံး ကိုယ်စား တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ မြန်မာသံအမတ်ကြီးက အင်ဒို-ပစိဖိတ်ဒေသ အရေးကိစ္စများ၌ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် အာဆီယံဒေသနှင့် ထိစပ်ပတ်သက်နေသော နိုင်ငံများ အားလုံးပါဝင်သည့် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုတစ်ရပ် ပေါ်ပေါက်လာရေးတွင် အာဆီယံ၏ အခန်းကဏ္ဍကို ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှု၊

နိုင်ငံတကာလေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၇-၂၀၂၃)

Top