Month: December 2023

၂၀၂၄ ခုနှစ်အတွက် ရုံးပိတ်ရက်များအား အသိပေးကြေညာခြင်း

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဦးဆောင်ကျင်းပခဲ့ခြင်းနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား လာအိုသံရုံးထံ လွှဲပြောင်းပေးအပ် (၂၀-၁၂-၂၀၂၃ ရက်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း တတိယအကြိမ် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၂၀-၁၂-၂၀၂၃ ရက်တွင် မြန်မာသံရုံး၌ ဦးဆောင်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆) လတာကာလအတွင်း အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ လှုပ်ရှားမှုများဖြစ်သည့် ဥရောပပါလီမန် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE)၊ ဥရောပသမဂ္ဂပြင်ပဆက်ဆံရေးဌာနနှင့် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံတို့မှ တာဝန်ရှိသူများ၊ EU-ASEAN Business Council

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီမှ ထိုင်းသံအမတ်ကြီးကို နှုတ်ဆက်ခြင်းနှင့် မလေးရှားသံအမတ်ကြီးကို ကြိုဆိုသည့် ABC Farewell and Welcoming Lunch တွင် မြန်မာသံအမတ်ကြီး နှုတ်ဆက်ကြိုဆိုအမှာစကား ပြောကြား (၈-၁၂-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၈-၁၂-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ Tangla Hotel ၌ အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ABC) အဖွဲ့ဝင် အာဆီယံသံရုံးများမှ စုပေါင်းကျင်းပခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံမှ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ထိုင်းနိုင်ငံ သံအမတ်ကြီးကို နှုတ်ဆက်ခြင်းနှင့် အသစ်ရောက်ရှိလာသည့် မလေးရှားနိုင်ငံသံအမတ်ကြီးကို ကြိုဆို သည့် ABC Farewell and Welcoming Lunch နေ့လယ်စာစားပွဲတွင် ABC ၏ ဥက္ကဋ္ဌအနေဖြင့် နှုတ်ဆက် ကြိုဆိုအမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါနေ့လယ်စာစားပွဲတွင်

Top