Month: January 2024

ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ ဩစတြေးလျနိုင်ငံသံအမတ်ကြီးနှင့် အာဆီယံ သံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၂၅-၁-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၅-၁-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဩစတြေးလျသံရုံး၌ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်နိုင်ငံများနှင့် ဥရောပသမဂ္ဂနှင့် နေတိုး (NATO) အဖွဲ့ဆိုင်ရာ ဩစတြေးလျနိုင်ငံသံအမတ်ကြီးမှ တည်ခင်းဧည့်ခံသော အလုပ် သဘော နေ့လယ်စာစားပွဲသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်သဘော နေ့လယ်စာစားပွဲသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ သံအမတ်ကြီးများအပြင် ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး၊ တောင်ကိုရီးယားနိုင်ငံသံအမတ်ကြီး၊ ဆော်လ်မွန်ကျွန်းစုနိုင်ငံသံအမတ်ကြီးနှင့် Samoa ကျွန်းနိုင်ငံ သံအမတ်ကြီးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသော သံအမတ်ကြီးများသည် ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုပြုရာတွင်

အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီးတက်ရောက် (၁၇-၁-၂၀၂၄ ရက်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၁၇-၁-၂၀၂၄ ရက်တွင် လာအိုသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ ပထမအကြိမ်အစည်းအဝေးနှင့် ယင်းနှင့် တစ်ဆက်တည်းကျင်းပသည့် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနအကြီးအကဲ Mr. Hubert Roisin နှင့် အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲတွင် ၂-၂-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့၌ကျင်းပမည့် အီးယူ-အင်ဒိုပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံနှင့် အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ဘရပ်ဆဲလ်မြို့အခြေစိုက် သံရုံး၊ အဖွဲ့ရုံး၊

Top