ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ ဩစတြေးလျနိုင်ငံသံအမတ်ကြီးနှင့် အာဆီယံ သံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၂၅-၁-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၅-၁-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဩစတြေးလျသံရုံး၌ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်နိုင်ငံများနှင့် ဥရောပသမဂ္ဂနှင့် နေတိုး (NATO) အဖွဲ့ဆိုင်ရာ ဩစတြေးလျနိုင်ငံသံအမတ်ကြီးမှ တည်ခင်းဧည့်ခံသော အလုပ် သဘော နေ့လယ်စာစားပွဲသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အဆိုပါအလုပ်သဘော နေ့လယ်စာစားပွဲသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ သံအမတ်ကြီးများအပြင် ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး၊ တောင်ကိုရီးယားနိုင်ငံသံအမတ်ကြီး၊ ဆော်လ်မွန်ကျွန်းစုနိုင်ငံသံအမတ်ကြီးနှင့် Samoa ကျွန်းနိုင်ငံ သံအမတ်ကြီးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသော သံအမတ်ကြီးများသည် ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုပြုရာတွင် အာဆီယံ၊ ဩစတြေးလျနှင့် ပစိဖိတ်ကျွန်းစုနိုင်ငံများအကြား ပိုမိုပူးပေါင်းဆောင်ရွက်မှု ပြုနိုင်ရန်နှင့် ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေး၊ ၂-၂-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့် အီးယူ-အင်ဒို-ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အမှတ်တရဓာတ်ပုံရိုက်ကူး၍ နေ့လယ်စာစားပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။