အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီးတက်ရောက် (၁၇-၁-၂၀၂၄ ရက်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၁၇-၁-၂၀၂၄ ရက်တွင် လာအိုသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ ပထမအကြိမ်အစည်းအဝေးနှင့် ယင်းနှင့် တစ်ဆက်တည်းကျင်းပသည့် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနအကြီးအကဲ Mr. Hubert Roisin နှင့် အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲတွင် ၂-၂-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့၌ကျင်းပမည့် အီးယူ-အင်ဒိုပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံနှင့် အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ဘရပ်ဆဲလ်မြို့အခြေစိုက် သံရုံး၊ အဖွဲ့ရုံး၊ သံတမန်အဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးလျက်ရှိသော ကိစ္စရပ်များကို ဆွေးနွေးပြုခဲ့ကြပြီး အာဆီယံသံအမတ်ကြီးများနှင့် Mr. Hubert Roisin တို့ အမှတ်တရ ASEAN Family Photo ရိုက်ကူး၍ အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။