Year: 2024

Composition of the Government of the Republic of the Union of Myanmar (1-2-2024)

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းခြင်း (၁-၂-၂၀၂၄)

(၂၄) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေး (24th ASEAN-EU Ministerial Meeting) သို့ မြန်မာသံအမတ်ကြီး တက်ရောက် ပါဝင်ဆွေးနွေး (၂-၂-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂-၂-၂၀၂၄ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ SQUARE Brussels Meeting Centre ၌ ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေး (24th ASEAN-EU Ministerial Meeting) သို့ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် Dr.Kao Kim Hourn နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့်

ဥရောပပါလီမန်က ကျင်းပပြုလုပ်သည့် နှစ်သစ်ကူးဧည့်ခံပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၃၁-၁-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဘယ်လ်ဂျီယံနှင့် ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ဥရောပပါလီမန်ဥက္ကဋ္ဌ Mrs. Roberta Metsola ၏ ဖိတ်ကြားမှုဖြင့် ၃၁-၁-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဥရောပပါလီမန်ရုံးချုပ်၌ ဥရောပပါလီမန်က ဥရောပသမဂ္ဂဆိုင်ရာ သံရုံး၊ အဖွဲ့ရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ဧည့်ခံကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးဧည့်ခံပွဲ (New Year Reception) သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဧည့်ခံပွဲတွင် ဥရောပပါလီမန်ဥက္ကဋ္ဌ Mrs. Roberta Metsola က လတ်တလော ဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်း စစ်ပွဲနှင့်

ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ ဩစတြေးလျနိုင်ငံသံအမတ်ကြီးနှင့် အာဆီယံ သံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၂၅-၁-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၅-၁-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဩစတြေးလျသံရုံး၌ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်နိုင်ငံများနှင့် ဥရောပသမဂ္ဂနှင့် နေတိုး (NATO) အဖွဲ့ဆိုင်ရာ ဩစတြေးလျနိုင်ငံသံအမတ်ကြီးမှ တည်ခင်းဧည့်ခံသော အလုပ် သဘော နေ့လယ်စာစားပွဲသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်သဘော နေ့လယ်စာစားပွဲသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ သံအမတ်ကြီးများအပြင် ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး၊ တောင်ကိုရီးယားနိုင်ငံသံအမတ်ကြီး၊ ဆော်လ်မွန်ကျွန်းစုနိုင်ငံသံအမတ်ကြီးနှင့် Samoa ကျွန်းနိုင်ငံ သံအမတ်ကြီးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသော သံအမတ်ကြီးများသည် ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုပြုရာတွင်

အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီးတက်ရောက် (၁၇-၁-၂၀၂၄ ရက်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၁၇-၁-၂၀၂၄ ရက်တွင် လာအိုသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ ပထမအကြိမ်အစည်းအဝေးနှင့် ယင်းနှင့် တစ်ဆက်တည်းကျင်းပသည့် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနအကြီးအကဲ Mr. Hubert Roisin နှင့် အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲတွင် ၂-၂-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့၌ကျင်းပမည့် အီးယူ-အင်ဒိုပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံနှင့် အာဆီယံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ဘရပ်ဆဲလ်မြို့အခြေစိုက် သံရုံး၊ အဖွဲ့ရုံး၊

Top